မော်လမြိုင် စက်တင်ဘာ ၆
အလုပ်သမား၀န်ကြီးဌာန၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုဖူလုံရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်သမား၀န်ကြီးဌာန ပြည်နယ်လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာ၀န်ခံအရာရှိ ဦးသက်ဆွေက အဖွင့်အမှာစကားပြောကြားပြီး လူမှုဖူလုံရေးနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်ကို အသိပေးဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်လူမှုဖူလုံရေးရုံး မော်လမြိုင်မြို့တွင် အကျုံး၀င်မှတ်ပုံတင်ထားသော မိုးမြချယ်ကုမ္ပဏီမှ အာမခံအလုပ်သမားဦးကျော်ထက်အောင်၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်သိန်းတစ်ရာငါးဆယ်(၁၅၀၀၀၀၀၀)သိန်းကို တာ၀န်ရှိသူများက ကာယကံရှင်လက်၀ယ်အရောက်ပေးအပ်ခဲ့ပြီး မိုးမြချယ်ကုမ္ပဏီမှ တာဝန်ခံဒေါ်အေးအေးနီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)