တောင်ငူမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

တောင်ငူ စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ မွေးစမှအသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက ဒေသန္တရကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ကာကွယ်ဆေးများကို လစဥ်ထိုးနှံတိုက်ကျွေး လျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)