ရမ်းဗြဲမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်(ငွေလုံးငွေရင်း)ခွင့်ပြု ရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ရမ်းဗြဲ   စက်တင်ဘာ   ၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်ကျော်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဦးဆောင်သည့် (QC)အဖွဲ့၊ ဦးစီးအရာရှိ(မြို့ပြ)ရမ်းဗြဲမြို့နယ်နှင့် ကုမ္ပဏီများမှ တာဝန်ရှိသူအဖွဲ့များသည် ၂၀၂၃- ၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် နားမူးတွေ-ငစမိ-ရှောက်ချောင်းလမ်း၊ စကုကျွန်းပတ်လမ်း၊ ရှောက်ချောင်း-မီးကျောင်းတက်လမ်းဆုံမှ အချိန်ပြင်ကျေးရွာအဝင်လမ်း၊ သင်ပန်းချိန်-တောကြား-ဆေးသမား-သစ်ပုတ်ချိန်လမ်း၊ ဆေးသမားတံတားနှင့် ကံ့ကော်တံတားစသည့် လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများနှင့်ပတ်သတ်၍ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရမ်းဗြဲ(ပြန်/ဆက်)