ကော့သောင်း စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က တိုင်းရင်းဆေးပညာနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ရွှေဟင်္သာ ရပ်ကွက်၊အ-လ-က(၃)ကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ၊ မီးဖိုချောင်သုံး ဆေးဖက်ဝင်ပစ္စည်းများနှင့် အရသာ(၆)ပါး အကျိုးနှင့်အပြစ် ဖြစ်ပုံပြုပုံ အကြောင်း၊ တိုင်းရင်း ဆေးပညာအကြောင်း သိကောင်းစရာများအား ဗဟုသုတဖြစ်ဖွယ်အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီအရာရှိဒေါ်မြသီတာက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)