တန့်ယန်းမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်း လုပ်ငန်းအား နမ့်ဖလင်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်

တန့်ယန်း စက်တင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့က နမ့်ဖလင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

အဆိုပါ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်လက် (Biometric) ကောက်ယူခြင်းကို မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်နှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိပြီးသော ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် စိစစ်ဆောင်ရွက်ကာ အတည်ပြုချက်ပုံစံအားထုတ်ပေးရာ နမ့်ဖလင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်စောမြတ်ငြိမ်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်း အကျိုး ဆောင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။    

မင်းလွင်ဦး(ပြန်/ဆက်)