ပျော်ဘွယ် စက်တင်ဘာ ၇
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ(၇)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က လူငယ်များ အသိဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့် အကြောင်းအရာများ၊ ဉာဏ်ပညာတွင်သာမက ခန္ဓာကိုယ်ကြံ့ခိုင်စေရန်အတွက် အားကစားလှုပ်ရှားဆောင်ရွက်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောသည်။
ဟောပြောပွဲပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို လေ့လာကြည့်ရှု ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)