ပိုင်ကျုံ စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က ကျေးရွာ အုပ်စုအတွင်းရှိ တာဝန်ရှိသူများက လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်( ဧပြီ၊ မေ၊ ဇွန် ) လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်လလျှင်ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် သုံးလစာ ငွေကျပ် (၄၅၀၀၀)ဖြင့် ကိုယ်ဝန် ဆောင်မိခင်နှင့်အသက်နှစ်နှစ်အောက်ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက်ပေါင်း(၁၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်နှင့်ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးနိုင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၁၁) ရွာရှိပြီး (MCCT) အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင် ၁၇ ဦးနှင့် အသက်နှစ်နှစ်အောက် ကလေးငယ် ၇၇ ဦး စုစုပေါင်း ၉၄ ဦး ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)