ဘားအံမြို့တွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ဘားအံ စက်တင်ဘာ ၇

ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး၊  အသိပညာ ဗဟုသုတ တိုးပွားစေရေး၊ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဘားအံမြို့၊ အခြေခံပညာအထက်တန်းကျောင်း (စက်ရုံ)နှင့် အခြေခံပညာအထက်တန်း ကျောင်း(လှာကာ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(စက်ရုံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်ကက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ  ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လူငယ်များအတွက် ပညာရေးဟာ အဓိကဖြစ်ကြောင်း၊  ကျောင်းစာအပြင် ပြင်ပ အသိပညာ ဗဟုသုတများရရှိရန် စာပေများကိုလည်း ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ လူငယ်နှင့် စာပေ၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး   ဒေါ်နော်ဩလျာဖောက အားကစား၏ အဓိပ္ပါယ်၊ အားကစား အမျိုးအစားများ၊ အားကစားဖြင့် အကျိုးပြုစေသည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ‌ ကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)