ပုဏ္ဏားကျွန်းမြို့နယ် မုန်တိုင်းသင့် ပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

ပုဏ္ဏားကျွန်း စက်တင်ဘာ ၇

မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့် ပြည်သူများ စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ၊ အလယ်ပိုင်းရပ်ကွက်တွင် ယမန်နေ့၊ ညနေ(၄) နာရီက စားအုန်းဆီများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုန်းဆီများကို ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၇၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စု တစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စားအုန်းဆီပိဿာ ၅၅၀ ပိဿာကို ဈေးရောင်းမော်တော်ကားဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)