လောင်းလုံးမြို့၌ အသက်မွေးဝမ်းကျောင်းပြု အမျိုးသမီး အပ်ချုပ်စက် (၂) လ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

လောင်းလုံး စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ ကျေးလက်နေပြည်သူများအား ကိုယ်ပိုင်ဝင်ငွေ ရရှိရေးဖြင့် မိသားစုအတွက် အထောက်အကူပြု နိုင်ရေးအတွက်  ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲ အချိန်ကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီး အပ်ချုပ်စက် (၂)လ သင်တန်းဆင်းပွဲ ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီရိဝင်းက အမှာစကား ပြောကြားရာ၌ သင်တန်းသား/ သူများအနေဖြင့် သင်တန်းမှ ရရှိလာသော အတတ်ပညာများကို ပြန်လည်အသုံးချ၍ မိမိတို့ကိုယ်ပိုင်ဝင်ငွေဖြင့် မိသားစုအတွက် အထောက်အကူပြု ပြုနိုင်ရန်ဖြစ်ခြင်းနှင့် မိမတတ်မြောက်သော လက်မှုပညာဖြင့် ကိုယ်ပိုင်လုပ်ငန်းများကို စတင်လိုခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ ငွေကြေးအခက်အခဲရှိပါက မြစိမ်းရောင်စီမံကိန်းဖြင့် ချေးငွေအား ကူညီပံ့ပိုးမှု အကူအညီ ရယူနိုင်ကြောင်း မိမိတို့အပ်ချုပ်စက် လုပ်ငန်းဆောင်ရွက်ပါက နားမလည်မှုများရှိလျှင် သင်တန်းနည်းပြဆရာမအား ဖုန်းဖြစ်စေ၊ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ အကူအညီ တောင်း၍ မေးမြန်းနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ (၁) ဗိုလ်မှူးမြတ်ဇော်မင်းက သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်က သင်အထောက်ကူ​ပြုစ္စည်းများ ပေးအပ်ခြင်းနှင့် ဦးစီးအရာရှိဒေါ်သီရိဝင်းက သင်တန်းဆရာမအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် လောင်းလုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမြတ်ဇော်မင်း၊ ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)