မင်္ဂလာဒုံခရိုင်အတွင်းအတွင်း ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရေးရှိမရှိ ကွင်းဆင်းစစ်ဆေးသွားမည်

မင်္ဂလာဒုံ စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင်းရှိ မြို့နယ်များအတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးရန်နှင့် လုပ်ငန်းများဆောင်ရွက်မှု အခက်အခဲများညှိနှိုင်းသည့် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြီးကြပ်ရေးကော်မတီအဖွဲ့ဉက္ကဋ္ဌ ဦးဆောင်၍ ကျင်းပပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်များအတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ထုတ်ပြန်ထားသည့်  ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှု ရှိ/ မရှိ ကြီးကြပ်စစ်ဆေးခြင်း၊ ကာရာအိုကေလုပ်ငန်းလိုင်စင်ပါ စက်အစုံအရေအတွက်နှင့် မြေပြင်အရေအတွက် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ကိုင်သည့်လုပ်ငန်းအတွက် ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ရယူထားခြင်း ရှိ/မရှိ စိစစ်ကြီးကြပ်ခြင်းများကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစည်းအဝေးကို ခရိုင်အဆင့် ဗီဒီယိုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်  ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဌေးလင်း (မင်္ဂလာဒုံ)