လင်းခေးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

လင်းခေး ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကကြီးမှူး၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လင်းခေးမြို့(နွယ်ဝတီ) ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးက လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့အတွင်းရေးမှူး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးသက်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရညရွယ်ချက်များနှင့်စပ်လျဥ်းသည်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် လင်းခေးတပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တာဝန်ရှိသူတို့၏ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့သရုပ်ပြဆောင်ရွက်ရာသို့ လှည့်လည်ကြည့်ရှုအားပေးခြင်း၊ လက်တွေ့မဲပေးကြည့်ကြခြင်းတို့ ဆောင်ရွက်ခဲ့ကြရာ ခရိုင်ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိဦးချိုနိုင်နှင့် ဝန်ထမ်းများက အဆိုပါမဲပေးစက်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြသဆောင်ရွက်ပေးခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လင်းခေးမြို့နယ်အနေဖြင့် ထိုသင်တန်းအား ဇူလိုင် ၂၃ ရက်နေ့မှ သြဂုတ်လ ()ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား (၆၂)ဦး တစ်ဖွဲ့၊ တစ်ဖွဲ့လျှင် သင်တန်းကာလ ()ရက်ဖြင့် အဖွဲ့ ()ဖွဲ့ ဖွဲ့စည်းကာ စာတွေ့ လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)