သစ်သီးဝလံများစိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခူးဆွတ်တင်ပို့ရောင်းချသည်အထိ တောင်သူအသိပညာပေးသင်တန်းဖွင့်လှစ်

ချမ်းအေးသာစံ ဇူလိုင်  ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘို-ရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်း၌ ဇူလိုင်၂၂ရက် နံနက် နာရီက သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်သည်မှရိတ်သိမ်းခူးဆွတ် တင်ပို့ရောင်းချသည်အထိ တောင်သူအသိပညာပေး သုံးရက်သင်တန်း အမှတ်စဉ် (/၂၀၂၅)  ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ အောင်မြေသာဇံခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ နည်းပညာသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ဇူလိုင် ၂၂ ရက်အထိ  စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲ အပါအဝင် သင်တန်း စုစုပေါင်း၁၉၄ကြိမ်၊ တောင်သူပေါင်း ၃၀၆၅ဦး၊ ဝန်ထမ်းပေါင်း ၃၄၈၈ ဦး၊ သင်တန်းသားဦးရေ စုစုပေါင်း ၆၅၅၃ ဦးအား နည်းပညာများ ဖြန့်ဝေပေးခဲ့သည်။ ထို့ပြင် ရိတ်သိမ်းချိန်လွန်နည်းပညာ (TOT) သင်တန်းတက်ရောက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာ ဒေသများတွင် ဆင့်ပွားသင်တန်းများ ပြုလုပ်ဆောင်ရွက်လျှက်ရှိရာ ဆင့်ပွားသင်တန်း အကြိမ်ရေပေါင်း ၄၈၇ကြိမ်၊ တောင်သူပေါင်း ၈၅၀၈ဦး၊ ဝန်ထမ်းပေါင်း ၆၆၅၂ဦး၊  စုစုပေါင်း ၁၅၁၆၀ တို့ကို ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖြန့်ဝေပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းတာဝန်ခံ၊ သင်တန်းဆရာ/ ဆရာမများနှင့်  တိုင်းဒေသကြီး၊ ပြည်နယ်များမှ တောင်သူသင်တန်းသားပေါင်း ၃၀ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင်၂၂ရက်မှ ၂၄ရက်အထိ သုံးရက် ကြာမြင့်မည်ဖြစ်သည်။

ထွန်းထွန်းနိုင်