ဖူးသစ်ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက်အား လာရောက်ကြည့်ရှုလေ့လာ

မြဝတီ ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက် (၁၀) နာရီ၌ ဖူးသစ်ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက စာကြည့်တိုက်ကို အသုံးပြုတက်စေရန်ရည်ရွယ်၍  လာရောက်လေ့လာကြည့်ရှုခဲ့ကြသည်။

ထိုသို့လေ့လာရာတွင် ဖူးသစ်ကိုယ်ပိုင်မူလတန်းကျောင်း တည်ထောင်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာစိုးက ကျောင်းသားလူငယ်များ စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ဖြစ်လာစေရန်နှင့် စာကြည့်တိုက်ကို အသုံးပြုတက်စေရန်အတွက် မြဝတီခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်သို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများမှ စာကြည့်တိုက်တွင် ခင်းကျင်းထားသည့် သုတ/ရသ စာအုပ်၊ စာစောင်များ၊ မြန်မာ့အလင်း/ကြေးမုံသတင်းစာတွင် ပါသောအကြောင်းအရာများအား ဖတ်ရှုလေ့လာမှတ်သားခြင်းနှင့် ဆေးရောင်ခြယ်ခြင်း စသည့် စာကြည့်တိုက် activity များ ပြုလုပ်ခဲ့ကြကာ ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ငှားရမ်းနိုင်ရန်အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် စာကြည့်တိုက်ဖွင့်ချိန်/ ပိတ်ချိန်အား မေးမြန်းခဲ့ရာ စာကြည့်တိုက်မှူး ဒေါ်ဇင်မာအေးက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)