မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ “ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” လူငယ်နှင့်ပညာရေးဆိုင်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မက်မန်း စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” လူငယ်နှင့်ပညာရေးဆိုင်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က  ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်/ဆက်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက“ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား စာပေမှဗဟုသုတများရရှိစေရန်၊ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် အချင်းချင်း စာပေမှရရှိသော အသိ/ဗဟုသုတများမျှဝေတတ်စေရန်၊ စာဖတ်ဝိုင်းများ၊ နှီးနှောဖလှယ်ပွဲများ စာပေဝေဖန်သုံးသပ်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် လူအများနှင့် ပြောရဲဆိုရဲသည့် အလေ့အထများ ရှင်သန်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း” ကနဦးရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများမှ သက်ဆိုင်ရာခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးကြပြီး အဆိုပါစာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် လေ့လာသူအထက်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၃၅) ဦးခန့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)