ဇလွန်မြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့်စာသင်ကျောင်းများအတွင်း မြစ်ရေဝင်ရောက်၍ ယာယီကျောင်းပိတ်ထား

ဇလွန် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွင်း ​​မြစ်ရေကြီးမြင့်ပြီး ရေဝင်ရောက်မှုကြောင့် အထက်တန်းအဆင့် (၃) ကျောင်း၊ အလယ်တန်းအဆင့် (၄) ကျောင်း၊ မူလတန်းအဆင့် ( ၇ ) ကျောင်း စုစုပေါင်း ( ၁၄ ) ကျောင်းရှိ ဆရာ ၊ ဆရာမ (၁၂၅ ) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၂၆၇) ဦး ယာယီကျောင်းပိတ်ထားပြီး မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများအား မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းပိတ်ထားရသည့်ရက်များအစား ကျောင်းပိတ်ရက်များ၌ ပြန်လည်အစားထိုး တက်ရောက်သွားမည်ဖြစ်ကြောင်း ​သိရသည်။

ဝေယံ

ဇလွန် (ပြန် /ဆက်)