မုံရွာမြို့၌ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး

မုံရွာ၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ မုံရွာမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မုံရွာမြို့၌ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၁၂ ရက်နံနက် ၇ နာရီက မုံရွာမြို့ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းနှင့် ရပ်ကွက်များတွင် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စားသုံးဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားသုံးဆီတစ်ပိဿာကို ၄၆၀၀ ကျပ်ဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ကြီးကြပ်မှုဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်သည်။ မုံရွာမြို့တွင် စားသုံးဆီ ၁ ပိဿာလျှင် ပြင်ပပေါက်စျေးမှာ ကျပ် ၁၁၀၀၀/၁၂၀၀၀ ဖြစ်ပြီး ယခုရောင်းချပေးရာတွင် ၁ ပိဿာလျှင် ၄၆၀၀ ကျပ်နှုန်းဖြစ်၍ ပြင်ပထက် ထက်ဝက်သက်သာသည့်အတွက် လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။ ယင်းနေ့က လူတစ်ဦးလျှင် စားသုံးဆီတစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူများပြားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)