ကျောက်ဆည် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့တွင် ယမန်နေ့နံနက်နံနက်(၇)နာရီက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ဦးဆောင်မှုဖြင့် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးခြင်းကို Diamond Dragon Co,LTD မှ ရည်ညွှန်းဈေးဖြင့်ဝယ်ယူရရှိသော ဆီများအား တစ်ပိဿာ(၄၆၀၀)ကျပ်နှုန်းဖြင့် စဉ့်ကိုင်မြို့ ဒေါ်လာဆီဆိုင်တွင် (၈၅၀)ပိဿာ၊ စဉ့်ကိုင်မြို့ စည်ပင်သာယာဈေးတွင် (၂၅၀)ပိသာတို့အား ပြည်သူများထံသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)