မြိတ် ဇူလိုင် ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေး အချက်အလက်မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြိတ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး ဂဏန်း(၁၀)လုံးပါသော Unique ID နံပါတ်ပါစာရွက် ပြန်လည်ထုတ်ပေးသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်ခင်လင်းဝေနှင့်ဝန်ထမ်းများကဆောင်ရွက်ခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်(မြိတ်) ဘဏ်ခွဲမန်နေဂျာနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးကြကြောင်းသိရသည်။
ခိုင်ထူး ( ပြန်/ဆက် )