ပေါင်းတည်၌ အစိုးရဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အစိုးရဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ရက်များတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပေါင်းတည်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံတွင် လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် အငြိမ်းစားပင်စင်စား(ကျား)၇၀ဦးနှင့် (မ)၇၅ဦး စုစုပေါင်း ၁၄၅ ဦး လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ကြောင်း၊ အဆိုပါအငြိမ်းစားဝန်ထမ်းဟောင်းများအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်နှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုများက စမ်းသပ်စစ်ဆေးမှုများပြုလုပ်ကာ လိုအပ်သောဆေးဝါးပေးခြင်းနှင့် လိုအပ်သောဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား (IPRD)