စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်ခွဲခြားစွန်ပစ်မှုစနစ် သရုပ်ပြခြင်း အခမ်းအနားကျင်းပ

ကျောက်ဆည် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ကျေးရွာ Myanmar Mandalay Fuxin Steel Co.,Ltd တွင် ယမန်နေ့မွန်းလွဲပိုင်းက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်သရုပ်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရုပ်ပြခြင်းအခမ်းအနားတွင် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ခင်စိုးစံနှင့်ဝန်ထမ်းများက စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ကျေးရွာရှိ  Myanmar Mandalay Fuxin Steel Co.,Ltdမှ ဝန်ထမ်းများအား အမှိုက်ခွဲခြားစွန့်ပစ်ရန် အရောင်ခွဲခြား၍သတ်မှတ်ထားသည့် အမှိုက်ပုံးအမျိုး အစားများ၊ ခွဲခြားစွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများနှင့်ပတ်သက်၍ သရုပ်ပြသခဲ့ရာ ဝန်ထမ်းများမှ အမှိုက်ခွဲခြားစွန့်ပစ်မှုများတွင် လက်တွေ့ပါဝင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ဆက်လက်ပြီး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်သရုပ်ပြခြင်း အခမ်းအနား သို့တက်ရောက်လာသည့် Myanmar Mandalay Fuxin Steel Co.,Ltd မှ ဝန်ထမ်းများအား ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာမှ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး