ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလတွင် သီတင်းသီဆောက်တည်မည့် ဆရာတော်/သံဃာတော်များ စိတ်ချမ်းမြေ့စွာဖြင့် တရားဘာဝနာပွားများနိုင်စေရန်အတွက် ပြည်ကြီးမဏ္ဍိုင်မြို့ရှိဌာနဆိုင်ရာများစုပေါင်း၍ ယနေ့နံနက် ၉ နာရီက လေညာငြိမ်းချမ်းကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်နှင့်ဌာနဆိုင်ရာဝန်ထမ်းများက သင်္ကန်း(၆)စုံနှင့် ပရိက္ခရာ(၈)ပါးအပါအဝင် ဆန် (၂၄)ပြည်အိတ်(၂)အိတ်၊ ဆီ(၃)ပိဿာဘူး (၂) ဘူး၊ ကြက်သွန်နီ(၁၀) ပိဿာ၊ ဆား (၅) ပိဿာစသည့် လှူဖွယ်ပစ္စည်းများကို လေညာအရှေ့ရပ်ကွက်ရှိ လေညာငြိမ်းချမ်းရေးကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြရာ ကျောင်းထိုင်ဆရာတော်ဘန္ဒန္တကေလာသထံမှ ငါးပါးသီလ ဆောက်တည်ကြ၍ ဆရာတော်မှ လှူဒါန်းမှုဖြင့်ရရှိမည့် အကျိုးတရားများကိုမိန့်ကြားရွတ်ဆို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)