ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပန်းတနော် ဇူလိုင် ၂၃

ပန်းတနော်မြို့အတွင်း နေထိုင်လျက်ရှိသော အများပြည်သူများနှင့် ဆရာ/ဆရာမများ မိမိတို့ ကိုင်ဆောင်အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းများမှတစ်ဆင့် လိမ်လည်ခြင်းများကို သိရှိနိုင်စေရန်နှင့် လိမ်လည်ခြင်းခံရပါက အသိသတိရှိရှိဖြင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ပန်းတနော်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ယနေ့ခေတ်တွင် အွန်လိုင်းကို လူတိုင်းအသုံးပြုနေကြသဖြင့် မိမိတို့အသုံးပြုလျက်ရှိသော အွန်လိုင်းများဖြစ်သည့် Telegram, Wechat, TikTok နှင့် Facebook များမှ အလိမ်မခံရအောင်  တက်ရောက်လာကြသည့် ဆရာ/ဆရာမ များအား လာရောက် အသိပညာပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဆရာ၊ ဆရာမများ (၁၀၀) ဦးခန့်က လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပြသပေးသော စာတမ်းထိုးဗီဒီယိုဇာတ်ကားများကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)