ကန်ကြီးထောင့် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှ နိုင်ငံစီးပွားနွေစပါးဆောင်ရွက်သည့် ဝယ်ကြိတ်ကုမ္ပဏီတာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှ နိုင်ငံစီးပွားနွေစပါးဆောင်ရွက်သည့် ဝယ်ကြိတ်ကုမ္ပဏီများအား ခေါ်ယူတွေ့ဆုံ၍ ငွေများအား ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ ပေးသွင်းနိုင်ရေးကြီးကြပ်ခြင်းနှင့် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဝင်များနှင့် နိုင်ငံစီးပွားနွေစပါးဆောင်ရွက်သည့် ဝယ်ကြိတ်ကုမ္ပဏီများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)