ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမား ၁၅၁၁ ဦးအတွက် မိသားစုထောက်ပံ့မှုအကျိုးစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် အလုပ်တွင်ထိခိုက်သေဆုံးခဲ့သည့် အာမခံအလုပ်သမား ၁၀ ဦးတို့အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးသည့်အခမ်းအနားကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များမှ  လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့အကျိုးစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးသည့်အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါ်ယဉ်ယဉ်အုန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမား ၁၅၁၁ ဦးအတွက်  သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်  ၄၀ ရာခိုင်နှုန်း ကျပ်သန်း ၁၂၁.၄၈၃ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဦးကျော်ဇေယျထံ  လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါ်ယဉ်ယဉ်အုန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဦးကျော်ဇေယျ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးတို့က  အလုပ်တွင် ထိခိုက်သေဆုံးခဲ့သည့် အာမခံအလုပ်သမား ၁၀ ဦးတို့အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်  ငွေကျပ် သန်း ၉၈.၄၀၀ အား ကျန်ရစ်သူမိသားစုထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဦးကျော်ဇေယျနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့အကျိုးစားခွင့် ရရှိသည့် အာမခံအလုပ်သမားများ ကိုယ်စား ဝမ်းတွင်းမြို့ အမှတ်(၇) အထည်စက်ရုံမှ ဒေါ်သောင်းသောင်းမြင့်တို့က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)