စဉ့်ကိုင် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများသက်သာသော နှုန်းထားများဖြင့် စားအုန်းဆီများ ဝယ်ယူသုံးစွဲနိုင်ရေး အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်တစ်အုပ်စီ ပြုလုပ်ပေးပြီး ရပ်ကွက်/ကျေးရွာများအလိုက် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာနှင့် အင်းကုန်းကျေးရွာမှ အိမ်ထောင်စုများအား စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် (၄၄၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် Resources Group Training Co.Ltd မှ သတ်မှတ်ရည်ညွှန်းဈေး ၆၀၃၀ကျပ်ဖြင့် ဝယ်ယူရရှိသော စာအုန်းများကို တစ်ပိဿာလျှင် ရောင်းဈေး (၇၁၁၅) ကျပ်နှုန်းဖြင့် ဒေါ်လာစားသုံးဆီ အရောင်းအဝယ်ဆိုင်မှ ရွာသစ်ကျေးရွာနှင့် အင်းကုန်းကျေးရွာမှ အိမ်ထောင်စု (၂၂၀) စုအား ရောင်းချပေးခဲ့ကြောင်း ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း စဉ့်ကိုင်မြို့နယ်(တာဝန်ခံ)ထံမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)