စဉ့်ကိုင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID (Unique Identity) (ခေါ်) Smart Card များ ဆောင်ရွက်ပေး

စဉ့်ကိုင် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်ဘဏ်ထုတ်ရာတွင် ပိုမိုလွယ်ကူလျင်စွာ ဆောင်ရွက်နိုင်ရန်၊ UID နံပါတ်များကို ရယူပြီး မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pensionအစီအစဉ်တွင် ထည့်သွင်းနိုင်ရန် UID (Unique Identity) (ခေါ်) Smart Card များဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးဉာဏ်စိုးနှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) စိစစ်ကောက်ယူခြင်း၊ လက်ဗွေများအား Scan ဖတ်ခြင်းနှင့် လိုအပ်သည့်ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ ပြုလုပ်ခဲ့ပြီး UID (Unique Identity) နံပါတ်များကို လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ရပ်ကွက်/ ကျေးရွာများတွင် အိမ်တိုင်ရာရောက် ထုတ်ပေးလျက်ရှိ‌‌သည်။

စဉ်ကိုင်မြို့နယ်အ‌နေဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းဦးရေ (၁၅၅၁) ဦးရှိပြီး ယနေ့တွင် (၄၀၀)‌ဦး ထုတ်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် အငြိမ်းစားနိုင်ငံဝန်ထမ်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ကျော်စွာ(စဉ့်ကိုင်)