သာစည် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ စုစည်းထားရှိမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ယနေ့ညမှ ဇူလိုင်လ ၂၈ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားရှိချက်ကြောင့် မြို့နယ်အတွင်း သဘာဝဘေး ကြိုတင်သတိပြုနိုင်ရန်နှင့် သာဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရေးကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များက သွားရောက်၍ စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။
သာစည်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အား ပြည်သူများသိရှိနိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်နှင့်ကျေးရွာများတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)