စမ်းချောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေး တွဲဖက်သင်ကြားမည့် အထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောပွဲကျင်းပ

စမ်းချောင်း စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်၊ အမှတ် () အခြေခံပညာအထက်တန်း၊ တော်ဝင်ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ () နာရီက ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောပွဲကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် () ဗိုလ်မှူးသက်ထွန်းဦးမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အမှတ် () အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုသစ်က Grade-9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် () နှင့် အမှတ် () အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊  မိဘများ၊ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြောင်း သိရသည်။

နီလာစိုး