မန္တလေး စက်တင်ဘာ ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသောလူငယ်စကားဝိုင်းအခမ်းအနားကို စက်တင် ဘာလ ၁၈ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၊ ဌေးသန်းမြင့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြှန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး ဦးသန်းအောင်နှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ကြသည်။ ဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိက ဦးဆောင်၍ လူငယ်စကားဝိုင်းကျင်းပရာ Grade - 10 ကျောင်းသူ မချမ်းမြေ့စုက လူငယ်နှင့် ဆိုရှယ်မီဒီယာအကြောင်းကိုလည်းကောင်း၊ Grade - 10 ကျောင်းသူ မနှင်းယုယအောင်က လူငယ်နှင့် မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ Grade - 11 ကျောင်းသူ မသက်ထက်စံက လူငယ်နှင့်လူကုန်ကူးမှုအကြောင်းကိုလည်းကောင်း၊ Gra de - 11 ကျောင်းသူ မနီနီမြတ်မှူးက လူငယ်နှင့် ပညာရေးအကြောင်းကိုလည်းကောင်း၊ Grade - 11 ကျောင်းသား မောင်ပြည်လျှံထက် က လူငယ်နှင့် အချိန်ခွဲဝေအသုံးချမှုအကြောင်းကိုလည်းကောင်း၊ Grade. - 11 ကျောင်းသား မောင်ခန့်ညားက လူငယ်နှင့်ယဥ်ကျေးမှုအကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားကြရာ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ က ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)