ရွှေတောင် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က(ရွှေတောင်) အခြေခံပညာအထက်တန်းကျောင်းရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းသင်ယူမှုအခွင့်အလမ်းရရှိရေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးအောင်က စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းသင်ယူမှုအခွင့်အလမ်းအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နွယ်မာအုန်းမှ ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးသောဘာသာရပ်များနှင့် မွေးမြူရေးဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူမိဘများက သိရှိလိုသည်များပြန်လည်မေးမြန်းရာ ရွှေတောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးအောင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)