ကော့သောင်း စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အ.ထ.က (ခွဲ) အ.လ.က (၂)ကျောင်း၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လာရောက်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ (HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးရာ၌ (၁-၉-၂၀၁၁ မှ ၃၁-၈-၂၀၁၄) ရက်အတွင်းမွေးဖွားသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ကျောင်းသူများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့ပြီး အ.ထ.က (ခွဲ) အ.လ.က (၂)ကျောင်းမှ ဆရာမများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းများကို သတ်မှတ်ရက်ကာလအတွင်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)