ညောင်ဦး စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ငှက်ပျောသီးမျိုးစုံ ထွက်သလောက်ရောင်းချနေကြောင်း လျှော်တောကျေးရွာ ငှက်ပျောစိုက်တောင်သူ ဦးမောင်ညိုထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆင် ဆင်းကျေးရွာ၊ နဂါးလည်၊ လျှော်တော၊ ဆည်၊ ဆည်းမ၊ ဘိုတဲ၊ လွန်အိုင် ၊ကျောက်ခွက်၊သင် ပေါင်းကျေးရွာများသည် ငှက်ပျောအမျိုးမျိုးစိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ငှက်ပျောများ ကို ကျောက်ပန်းတောင်းမြို့၊မိတ္ထီလာ၊ ညောင်ဦး ၊မြင်းခြံ၊ ငါ့သရောက်၊ ပခုက္ကူ၊ တောင်ဇင်း ဗျတ္တပန်းဆက်ဈေးများသို့ သွားရောက်ရောင်းချခြင်း၊ ငှက်ပျော်ပွဲစားများမှ ခြံအထိ လာ ရောက်ဝယ်ယူကြခြင်းများကြောင့် စိုက်ပျိုးသည့် ငှက်ပျောများ ထွက်သလောက် ရောင်းချ နေရကြောင်း ဆင်ဆင်းကျေးရွာငှက်ပျောစိုက်တောင်သူ ဒေါ်ချိုချိုဝင်းက ရှင်းပြသည်။ ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများသည် ဖီးကြမ်းငှက်ပျော၊ သီးမွှေးငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျော၊ ရွှေနီငှက်ပျော်တို့အား စိုက်ပျိုးကြပြီး ဖီးကြမ်းငှက်ပျောနှင့်ရခိုင် ငှက်ပျောတို့ကို အရင်တည်းက စိုက်ပျိုးခဲ့ကြကာ ရွှေနီ၊ သီးမွှေး၊ ငှက်ပျောချဉ်တို့အား ဈေးကွက် အခြေအနေအရ စိုက်ပျိုးလာခဲ့ကြောင်း၊ ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောများ အဖီးနှင့် သီးလုံးထွားမှုပေါ် မူတည်ကာ တစ်ဖီးခြင်းဈေး၊ တစ်ခိုင်လုံးဈေးဖြင့် ရောင်းချကြကြောင်း သိရသည်။ ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ငှက်ပျောများကို သဘာဝအတိုင်း စိုက်ပျိုးခြင်းများကြောင့်၊ ဓာတုကင်းလွှတ်ငှက်ပျောများ ဟုလူသိများကာ ငှက်ပျောထွက်သလောက် ရောင်းချနေရကြောင်းလည်း ငှက်ပျောခြံ ပိုင်ရှင်များက ရှင်းပြ၍ သိရကာ ဖီးကြမ်းငှက်ပျောတစ်ဖီး ၂၀၀၀ ကျပ်၊ ရခိုင်ငှက်ပျောတစ်ဖီး ၈၀၀ ကျပ်ဖြင့် ရောင်းချနေရကြောင်း ငှက်ပျောစိုက်ပျိုးတောင်သူများထံက သိရသည်။
ဒီပါလင်း