ဒေါပုံမြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၉

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က အမှတ်()အခြေခံပညာ အထက်အထက်တန်းကျောင်း၊ ပညာခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်မောင်သန်းက ကြက်ခြေနီဖြစ်တည်လာမှု သမိုင်းကြောင်းများ၊ ကြက်ခြေနီအခြေခံမူ ()ချက်အကြောင်း၊ ရှေးဦးပြုစုခြင်းလုပ်ငန်းစဥ်များ၊ အရေးပေါ်လူနာများအား အသက်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှောင်ရန်နှင့်ဆောင်ရန်အချက်အလက်များကို အကျယ်တဝင့် ဟောပြောပေးခဲ့ပါသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ကြက်ခြေနီလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)