သတင်းများ

မိုင်းစံမြို့ဝမ်လီကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (ကိုယ်စား) ဒေါ်ကေသွယ်စိုးက မိမိတို့ဌာန အနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊ လူငယ်၊ လူလတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့ လက်ရောက်ရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များသို့ လက်ဝယ်အရောက် စာငှားစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာဖတ်ခြင်းဖြင့်၊ အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အကောင်းအဆိုး၊ အမှားနှင့်အမှန်ကို ခွဲခြားတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဟောပြောခဲ့သည်။
နတ်မောက်မြို့နယ်တွင် နေကြာပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Sep 20,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နေကြာပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ  ၌ စာရေးဆရာ ဝတ်ရည်ခင်(ပဲခူး)၏ "ရွှေရောင်ခေတ်၏ ရတနာလေးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း မုံရွာမြို့နယ်ရှိ အလုံ အ.ထ.က(၂)၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေး
Sep 20,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းသည် စိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး လိုက်ပါလျက် မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ အလုံ အ.ထ.က(၂)၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ယနေ့ နံနက်(၁ဝ)နာရီခန့်က သွားရောက်၍ အလုံ အ.ထ.က(၂) ကျောင်းအုပ်ကြီး ဖြိုးဇော်ဦး၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းဝန်းအတွင်းရှိ ဆောင်ရွက်ထားရှိသော School Garden အခြေအနေ များ၊ ကျောင်းသား၊ ကျောင်းသူများ သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားနေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေး ခဲ့သည်။
နမ့်စန်တွင် အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ယူနိုင်မည့်အခွင့်အလမ်းဆိုင်ရာများ အသိပညာပေး ဟောပြော
Sep 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းဆိုင်ရာများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ပေါက်တောမြို့နယ် အခြေခံပညာ အ.လ.က(ခွဲ) ကျောက်ဆိပ်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Sep 20,2023
လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာ အ.လ.က(ခွဲ) ကျောက်ဆိပ်ကျောင်းရှိ  စုပေါင်းခန်းမ၌ ကျင်းပသည်။
သံတွဲခရိုင် ငပလီမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 20,2023
သံတွဲခရိုင်၊ ငပလီမြို့အတွင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ငပလီမြို့၊ အ.ထ.က (ခွဲ) လင်းသာကျောင်း၌ အ.ထ.က (ခွဲ)လင်းသာ၊ အ.လ.က(ခွဲ) မြပြင်ကျောင်းမှ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးလျက်ရှိသည်။
လပွတ္တာမြို့၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေး
Sep 20,2023
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း အခြေခံပညာဦးစီးဌာနရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးလျက်ရှိရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လပွတ္တာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အ.ထ.က(၃)ကျောင်းခန်းမသို့ သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။