သတင်းများ

ကျောက်တံတားမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးစတင်ထိုးနှံပေး
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အခြေခံပညာကျောင်းများအား အခြေပြုလျက် အသက် (၉) နှစ်ပြည့်ပြီးနှင့် အသက်(၁၂)နှစ်မပြည့်သေးသော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးခြင်းကို စက်တင်ဘာလ (၁၈) ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်
Sep 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ် မကျော်သေးသည့် ကျောင်းသူများအား ပညာရေးဌာန၏ လမ်းညွှန်မှုနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းမှုဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာကျောင်းမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ယနေ့နံနက်ပိုင်းက တပ်ဦးသီတာရပ်ကွက်၊ ကားကြီးဝင်းအနီးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
ကြံခင်းမြို့နယ် (အ.မ.က) မြို့မမြောက်ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က) မြို့မမြောက်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်း ခန်းမတွင် ဆောင်ရွက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Sep 20,2023
မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေး အတွက် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီက မချမ်းဘောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
သာပေါင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ကညင်ချောင်း) တွင် လူငယ်ရေးရာ ကျောင်းအခြေပြု နယ်လှည့်အသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ကျောင်းအခြေပြု နယ်လှည့်ဟောပြောပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ကညင်ချောင်း) ၌ ကျင်းပခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကဗျာရွတ်နှင့်ပုံပြော၊​ ဆေး​ရောင်ခြယ်၊ သီချင်းဆိုပြိုင်ပွဲကျင်းပ
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို​ကျောင်းတွင် ဘက်စုံထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ​ ပေါ်ထွန်းလာ​စေရန် ကဗျာရွတ်၊ ပုံပြော၊ ဆေး​ရောင်ခြယ်၊ သီချင်းဆိုပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီချိန် ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ် အမှတ်(၁၀)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့ နံနက် (၁၁) နာရီက အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။