ပေါက်တော စက်တင်ဘာ ၂၀
လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာ အ.လ.က(ခွဲ) ကျောက်ဆိပ်ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေးကာ Grade-9 မှ ကျောင်းသူ မဝင်းယဥ်သိန်းက လူငယ်နှင့်ကျန်းမာရေး၊ Grade-6 မှ ကျောင်းသူ မဖြူဖြူစိုး လူငယ်နှင့်ပညာရေး Grade-5 ကျောင်းသူ "လူငယ်နှင့်အနာဂတ်" ၊Grade- 8 မှ ကျောင်းသား မောင်ဟန်ထွန်းလူငယ်နှင့်အားကစား Grade-8 မှ ကျောင်းသား မောင်ဦးစိုးလွင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-6 မှ ကျောင်းသား မောင်ဦးမျိုးသန့်က "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး" အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ ခြောက်ဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန် ဆွေးနွေးကြသည်။ အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အ.လ.က (ခွဲ) ကျောက်ဆိပ်ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားများ ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)