သတင်းများ

ကမာရွတ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်​နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဠ၏ ဦး​ဆောင်မှု့ဖြင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဠ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာ​ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင်မြို့နယ်မိခင်နှင့် က​လေး​စောက်​ရှောက်​ရေးအဖွဲ့ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီး​ရေးရာဥက္ကဠနှင့် အဖွဲ့ဝင်များမှသည် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေး​နေမှုကို သွား​ရောက်အား​ပေးခဲ့သည်။
ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV ဆက်လက်ထိုးနှံပေး
Sep 20,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယနေ့၊ နံနက် ၁၁ နာရီက ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကော့သောင်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ‎ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊‌ ကော့သောင်းမြို့နယ်တွင်  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက အသက် ၉ နှစ် ပြည့်ပြီး ၁၂ နှစ် မကျော်သော ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများကို စက်တင်ဘာလ (၁၈) ရက်နေ့မှ စတင်၍ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ‎ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ် မူလွန် (၃) တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဗဟန်းမြို့နယ် ရွှေ​တောင်ကြား (၂) ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်​သော ကျောင်းသူ (၉၂) ဦးအား ယမနနေ့ နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေးခဲ့​ကြောင်း သိရသည်။
ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲကို  စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီက   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေး ဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 20,2023
ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ယူနေသည့် ကျောင်းသား/လူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရေးရန်အတွက် အသိပညာပေးရေးလုပ်ငန်းများကို စက်တင်ဘာလ ၁၈ ရက်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်‌ (မြောက်ပိုင်း) မြို့နယ်တွင် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၂၈) ရပ်ကွက်၊ အောင်ရတနာလမ်းရှိ အမှတ် (၁၀) မူလတန်းကျောင်းတွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။