နတ်မောက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နေကြာပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မြင့်မြင့်ချိုက “စားသုံးဆီဖူလုံဖို့ နေကြာစိုက်ပျိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသအတွင်း စားသုံးဆီဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဒေသအတွင်း နှမ်း၊ မြေပဲစိုက်ပျိုးသည့်အပြင် ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့များကို နေကြာပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နိုင်ရန် နေကြာမျိုးစေ့များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နတ်မောက်မြို့နယ် ကျေးရွာများရှိ နေကြာစိုက်သူတောင်သူများအား နေကြာပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးမည့် ကျေးရွာ(၂၂)အုပ်စုမှ တောင်သူကိုယ်စားလှယ် (၆၈)ဦးအား ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာရှိ တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း