ငပလီ စက်တင်ဘာ ၂၀
သံတွဲခရိုင်၊ ငပလီမြို့အတွင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ငပလီမြို့၊ အ.ထ.က (ခွဲ) လင်းသာကျောင်း၌ အ.ထ.က (ခွဲ)လင်းသာ၊ အ.လ.က(ခွဲ) မြပြင်ကျောင်းမှ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးလျက်ရှိသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို မြန်မာတစ်နိုင်ငံလုံးရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှ အောက်တိုဘာလအတွင်း ထိုးနှံပေးလျက်ရှိ အ.ထ.က(ခွဲ) လင်းသာကျောင်း၌ အ.ထ.က (ခွဲ)လင်းသာ၊ အ.လ.က(ခွဲ) မြပြင်ကျောင်းမှ ကျောင်းသူများအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုးနှံပေးလျက်ဖြစ်ကြောင်း၊ ကာကွယ်ဆေးကို အသက် (၉) နှစ်မှ အသက် (၁၂) နှစ်အတွင်းထိုးနှံမှသာ ဆေးအာနိသင် ထိရောက်မည်ဖြစ်သည့်အတွက် အသက်ပိုင်းခြားကန့်သတ်ထိုးနှံပေးခြင်းဖြစ်ကြောင်း ငပလီမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြို့နယ်(ပြန်/ဆက်)