လပွတ္တာမြို့၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေး

လပွတ္တာ စက်တင်ဘာ ၂၀

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း အခြေခံပညာဦးစီးဌာနရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးလျက်ရှိရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လပွတ္တာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အ.ထ.က(၃)ကျောင်းခန်းမသို့ သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

အဆိုပါ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော ကျောင်းသူများအား ကျောင်းအခြေ ပြု ​သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)စတင်ထိုးနှံခြင်းအား လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးညွန့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ငွေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လိုက်လံကြည့်ရှုအားပေးကြသည်။

ထိုသို့ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် အတူ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ကူညီ​ပြီး ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ကြရာ လပွတ္တာမြို့နယ်အတွင်း အခြေခံပညာဦးစီးဌာနရှိ စာသင်ကျောင်းများ အားလုံးတွင် အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လပွတ္တာ ခရိုင်ပြန်/ဆက်