သတင်းများ

ပလောက်မြို့၊အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)  စတင်ထိုးနှံခြင်းဆောင်ရွက်
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ တိုက်နယ်ပြည်သူ့ ကျန်းမားရေးဌာနမှ ဝန်ထမ်းများသည် ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သောကျောင်းသူများအား ယမန်နေ့နေ့လယ် ၁ နာရီအချိန်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)  ကိုထိုးနှံပေးခဲ့သည်။
ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကို မြိတ်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများတွင် ထိုးနှံပေး
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး ထိုနှံပေးရေးလုပ်ငန်းဖြင့်  ယမန်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများတွင်  ထိုးနှံပေးလျက်ရှိသည်။
ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် ကျောက်ပန်းတောင်းမြို့ လေးရွာ အ.ထ.က တွင် လူငယ်စကားဝိုင်းကျင်းပ
Sep 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် ကျောင်းအခြေပြုလူငယ်စကားဝိုင်းများနှင့် အသိပညာပေးဟောပြောပွဲများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က သာယာအေးရပ်ကွက်ရှိ လေးရွာအခြေခံပညာ အထက်တန်းကျောင်းစုဝေးခန်းမတွင် လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
မာန်အောင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ
Sep 20,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သောမိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Sep 20,2023
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်
Sep 20,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်ကြီး (၅)ရှိ ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
လသာမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သောလူငယ်စကားဝိုင်းကို ယမန်​နေ့၊ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်း​ကျောင်း၊ မြညီလာခန်းမ၌ ကျင်းပပြုလုပ်သည်။
မန္တလေးမြို့နယ် အ.ထ.က (၂၁)တွင် လူငယ်စကားဝိုင်းပြုလုပ်
Sep 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ‌သောလူငယ်စကားဝိုင်းအခမ်းအနားကို စက်တင် ဘာလ ၁၈ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၊‌ ဌေးသန်းမြင့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။