နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပူတာအို စက်တင်ဘာ ၂၀

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေး အတွက် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီက မချမ်းဘောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နံနက် ၈ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် တို့သည် ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများ ပူးပေါင်းဖွင့်လှစ်သည့် သား/ ငါးနှင့် အခြေခံစားသောက်ကုန်များ ပြင်ပပေါက်ဈေး ထက် ပိုမိုချိုသာသည့် ဈေးနှုန်းဖြင့် သက်သာဈေးဖွင့်လှစ် ရောင်းချနေမှုများ၊ ဈေးရောင်း/ ဈေးဝယ် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် အများပြည်သူ အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည့်အတွက် စနစ် တကျ ရောင်းချနိုင်ရန် စီမံဆောင်ရွက်သွားရေးမှာကြားခဲ့ကာ ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် အခြေခံစားသောက်ကုန်များကို ဝယ်ယူထောက်ပံ့ပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မချမ်းဘောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီမြတ်ကြီးသို့ သွားရောက်ကာ စေတီတော်မြတ်အား ဖူးမျှော်ကြည်ညိုကာ စေတီတော်ကြီး၏ ဧည့်မှတ်တမ်းစာအုပ်၌ လက်မှတ် ရေးထိုးခဲ့ကြကာစေတီတော်ကြီးဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် နဝကမ္မအလှူငွေများကို ပေးအပ် လှူဒါန်းခဲ့ကြပြီး စေတီတော်ကြီးအား လက်ယာရစ်ပတ် လှည့်လည်ပူဇော်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကောင်းမှုလုံကျေးရွာအတွင်း မလိခမြစ်ကမ်းဘေးရှိ ကောင်းမှုဆုံစေတီတော်ဝင်းအတွင်း နဂါးစေတီ (၁၀၈) ဆူတည်ထားကိုးကွယ်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဝန်းသို ကျောင်း တိုက်ဆရာတော်အမှူးပြုသော ဆရာတော်/ သံဃာတော်များအား ဖူးမျှော်ကြည်ညိုကြကာ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နဂါးစေတီတော် (၁၀၈) ဆူ တည်ထားကိုးကွယ်မည့် သတ်မှတ်နေရာ၌ ဆရာတော်ကြီးများက ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပန္နက်ရိုက်တင်ပေး ခဲ့ကြသည်။

ယင်းနောက် မချမ်းဘောမြို့နယ်၊ နမ်ခမ်းကျေးရွာအတွင်း ငါးမွေးမြူရေးကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာပိုင် တစ်ပိုင်တစ်နိုင် ငါးသားပေါက်မွေးမြူရေးစခန်း တည်ဆောက်ရန် လျာထားသည့် ကွင်းအမှတ်(၂)၊ ရွာမကွင်း (၀.၅၄) ဧကပေါ်တွင် ကျေးရွာလိုလား ချက်အရ ငါးသားပေါက်စခန်း တည်ဆောက်သွားမည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ငါးသား ပေါက်စခန်းအပြင် ငါးကန်များကို ဥပဒေနှင့်အညီ တူးဖော်ပေးနိုင်ရေး၊ စနစ်တကျ မွေးမြူလုပ်ကိုင် နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ငါးဦးစီးဌာန ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ငါးကန်များ တူးဖော်အသုံးပြုထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကျေးရွာအတွင်းရှိ ရပ်မိ/ရပ်ဖ များ၊ ငါးမွေးတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ယင်းနောက် အဆိုပါကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၀ သိန်းဖြင့် တောင်သူ ဦးခေါင်လန်ဒဂုံ၏ ဒဂုံမိသားစု ငါးမွေးမြူရေးကန်၌ ငါးခူ၊ ငါးကြင်းဖြူနှင့် ငါးကြင်းနီငါးများ မွေးမြူဖြစ်ထွန်းနေမှု အခြေအနေများ၊ ငါးကန်နှင့် တစ်ဆက်တစ်စပ်တည်း ၎င်း၏ စပါးစိုက်ကွက် အတွင်း မိုးစပါးပင်များဖြစ်ထွန်းအောင်မြင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်းခွဲ (နမ်ခမ်း)၌ ကျောင်းသား/ ကျောင်းသူများ အား သစ်ပင်များကို ကိုယ်တိုင်စိုက်ပျိုးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေ့အကျင့်ကောင်းများ ဖန်တီးပေးနိုင်ရေးအတွက် ကျောင်းဝင်းအတွင်း တည်ထောင်ထားသည့် ဂရိတ်ဖုခြံ၌ ပြည်နယ် ဝန်ကြီးချုပ်၏ လှူဒါန်းမှုဖြင့် ခြံဝင်းခတ်ပြီးစီးမှု အခြေအနေများနှင့် ကျောင်းသား/ကျောင်းသူများ စိုက်ပျိုးထားရှိသည့် ဂရိတ်ဖုသီး၊ ဘုရင်သီးပင်များနှင့် အမေရိကန်သံပုရာသီးပင်များ ဖြစ်ထွန်း အောင်မြင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းစာသင်ခန်းများတွင် စာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အင်ဘူးဘော့ကျေးရွာသို့ ရောက်ရှိပြီး တောင်သူ ဦးကဂျိုးလဂျာ၏ မျိုးစေ့ထုတ်စံပြကွက်၌ ဒေသခံ တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ မိုးစပါးစိုက်တောင်သူများအတွက် ယူရီးယား ဓာတ်မြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ တောင်သူအသိပညာပေး သဘာဝမြေသြဇာပြုလုပ်ပုံအဆင့်ဆင့် သရုပ်ပြခြင်းနှင့် မျိုးစေ့ထုတ် ဆင်းဧကရီ-၃ အထွက်တိုး မိုးစပါးစံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာမြေဆွေးကြဲပက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် အဆိုပါ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက်ထားသည့် တောင်သူ ဦးနန်မွန်ထင်၏ ဂရိတ်ဖုစိုက်ပျိုးရေးခြံသို့ သွားရောက်ပြီး ဂရိတ်ဖု သီးပင်များ၊ ဘုရင်သီးပင်များနှင့် အမေရိကန်သံပုရာသီးပင်များ အသီးများဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်ချက်များကို စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများအား နည်းပညာလိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မချမ်းဘောမြို့ ဂူဘားရိပ်သာသို့ ရောက်ရှိရာ ဒေသခံဂျိမ်းဖောမျိုးနွယ်စု၊ ရဝမ်မျိုးနွယ်စုနှင့် လီဆူမျိုး နွယ်စုများက တိုင်းရင်းသားရိုးရာ မဂွန်းရှလစ်ဖြင့် ဂါဝရပြုလက်ဆောင်ပေးအပ်မှုကို လက်ခံရယူပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။

ယင်းနောက် မချမ်းဘောမြို့ ဂူဘားခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စိုက်ပျိုးမွေးမြူရေးတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန်များတိုးတက်မြှင့်မားရေး MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည် ပြည့်ဝသော၊ ဗလ ငါးတန်နှင့် ပြည့်စုံသော အနာဂါတ်လူငယ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးကို အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အထူးသဖြင့် နိုင်ငံတော်၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် မိမိတို့ ပြည်သူ တစ်ဦးချင်းစီက အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံများက မချမ်းဘောမြို့နယ်၌ လူငယ်များ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် ဘောလုံးကွင်းနှင့် ဖူဆယ်ဘောလုံးကွင်း တိုးချဲ့တည်ဆောက် ပေးနိုင်ရေး၊ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကိုတင်ပြကြရာ ခရိုင်အဆင့်ဌာနဆိုင်ရာများက တင်ပြထားသည့် လုပ်ငန်းစီမံကိန်းများ နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင် စားနပ်ရိက္ခာဖူလုံရေး၊ ခရီးသွားလုပ်ငန်း ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်ပံ့ပိုးပေးထားသည့် အခြေအနေများနှင့် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများခွဲဝေချထားဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း စီမံကိန်းများနှင့် လိုအပ်ချက်များအပေါ် ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များအတွက် အမှတ်တရလက်ဆောင်များနှင့် တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်း/ အဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေ များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မချမ်းဘောဒေသသည် တောင်ပေါ်ဒေသနှင့် မြေပြန့်တို့တွင် နေထိုင်သည့် သွားလာရခက်ခဲသော ဒေသများအတွက် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်းရေးကို အလေးအနက်ထား လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မချမ်းဘောမြို့ အမှတ်(၃)ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၀ သိန်းဖြင့် ငါးမွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တောင်သူဦးမိုးအောင်၏ ငါးကန်များ၌ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း၊ တီလားဗီးယားနှင့် တိုင်းရင်းငါးခူများမွေးမြူ၍ စီးပွားဖြစ်ထွန်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)