ရွှေဘို စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ဘက်စုံထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်၊ သီချင်းဆိုပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီချိန် ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်၊ သီချင်းဆိုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာ၊ ငယ်စဥ်ကတည်းက လူအများရှေ့တွင်ပြောရဲဆိုရဲသည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ သသိပညာဗဟုသုတများ တိုးတက်စေရန်၊ ကောင်းမွန်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရာ အကြီးတန်း/အငယ်တန်းကျောင်းသား၊ ကျောင်းသူလေးများက ကိုယ်စီစွမ်းအား၊ ရှမ်းအိုးစည် ကဗျာ၊ညီအကိုစိတ်ညီရင်ပင်လယ်ရေတောင်ခမ်းစေနိုင်တယ်၊မိတ်ကောင်းဆွေသဟာငှက်များစွာ၊ ပုံပြင်၊ ပြည်ထောင်စုပျော်ပွဲ၊ လက်တွဲညီညာစေ ညီစေညီစေ၊ သီချင်းခေါင်းစဉ်များဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုပေးအပ်ချီးမြှင့်ပွဲပြုလုပ်ကာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)