ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ဧက(၂၁၁၁၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး ပြီးစီး
Jul 24,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို မေလ(၁၉)ရက်နေ့က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင်(၂၂)ရက်နေ့အထိ ကျေးရွာ(၄၅)ရွာရှိ တောင်သူ (၃၀၅၄)ဦး၏ စိုက်ဧက(၂၁၁၁၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၃၁၆၇၅၅၀၀၀၀) ကျပ် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။