ကျောက်ဆည်မြို့နယ်တွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ငရုပ်သီးနှံ(၅၂၅၅၂)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၆)တွင် (၄၃၈၈)ဧကစိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂)ခုရှိပြီး ဒေသတွင်း စိုက်ပျိုးသီးနှံများဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်း၍ လျာထားစိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ခုနှစ်တွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ငရုပ်သီးနှံ(၄၉၀၈၃)ဧက လျာထားပြီး တိုက်နယ်(၆)တွင် (၄၃၈၈)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

တိုက်နယ်(၆) ၌ ကျေးရွာအုပ်စု(၅)အုပ်စုပါဝင်ပြီး အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် နွေစပါး(၂၃၈)ဧက၊ နွေနှမ်း(၁၂၅၁) ဧက၊ မိုးကြိုပဲတီစိမ်း(၄၄၁)ဧက၊ ငရုပ်(၅၆)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် နွေစပါး(၁၅၃) ဧက၊ နွေနှမ်း(၆၁)ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင် နွေစပါး(၁၂၇)ဧက၊ နွေနှမ်း (၇၄၉)ဧက၊ မိုးကြိုပဲတီစိမ်း (၅၈)ဧက၊ ရွှေဒါးကျေးရွာ အုပ်စုတွင် နွေနှမ်း(၄၉၈)ဧက၊ မိုးကြိုပဲတီစိမ်း (၇၅)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် နွေနှမ်း(၁၁၈)ဧက၊ မိုးကြိုပဲတီစိမ်း(၅၆၃)ဧက စုစုပေါင်း) ၄၃၈၈)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

စီမံကိန်းလျာထားသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ မျှော်မှန်းအထွက်နှုန်းရရှိရေး၊ ဒေသနှင့်ကိုက်ညီသည့် အောင်မြင်သည့်မျိုးကောင်းမျိုးသန့်မျိုးစေ့များဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များနှင့် အပင်ပြုစုခြင်း၊ အလေအလွင့်နည်းပါးစွာ ရိတ်သိမ်းချွေလှေ့ခြင်း နည်းပညာများဖြန့်ဝေပေးလျက်ရှိပြီး၊ စိုက်ပျိုးရေများလည်း လုံလောက်စွာ ပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင် ၊ ကျောက်ဆည်