ကရသူရိမြို့၌ အပတ်စဉ် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေး

ကရသူရိ ဇူလိုင် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိရေးနှင့် စာပေဝါသနာရှင်များတိုးတက်ရေး အပတ်စဉ် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေးနှင့် အသိပညာကြွယ်ဝ ရေး၊ စာဖတ်ခြင်းမှရရှိသည့်အကျိုးကျေးဇူးများအား သိရှိနိုင်ရေး၊ အားလပ်သည့် အချိန်များ တွင် မိမိဝါသနာထုံရာ စာအုပ်/စာပေများဖတ်ရှုခြင်းဖြင့် စာဖတ်ဝါသနာရှင်များတိုးတက်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါငှားရမ်းရာ၌ သုတ/ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဝတ္ထု ၊ ရုပ်ပြ၊ ကာတွန်းနှင့် အထွေထွေဗဟုသုတစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)