ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ဧက(၂၁၁၁၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး ပြီးစီး

ချောင်းဆုံ ဇူလိုင် ၂၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို မေလ(၁၉)ရက်နေ့က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင်(၂၂)ရက်နေ့အထိ ကျေးရွာ(၄၅)ရွာရှိ တောင်သူ (၃၀၅၄)ဦး၏ စိုက်ဧက(၂၁၁၁၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၃၁၆၇၅၅၀၀၀၀) ကျပ် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

မိုးစပါးစိုက်ဧက တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့်ထုတ်ချေးပေးလျက်ရှိပြီး တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ပေးလျက်ရှိပြီးကြောင်း မြို့နယ်အတွင်း ကျေးရွာအုပ်စု(၄၆)စုမှ မိုးစပါးစိုက်ဧက စုစုပေါင်း(၃၄၄၄၂)ဧကအတွက်  ချေးငွေစုစုပေါင်း သိန်းပေါင်း (၅၁၆၆၃)သိန်းခန့်အားထုတ်ချေးပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ  စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီဆက်လက်ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)