ပုလော ဇူလိုင် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၃ ရက်နေ့က ပုလောမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ သွားနှင့် ခံတွင်းစစ်ဆေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ လိုအပ်သည့်ဆေးနှင့် အာဟာရများထောက်ပံ့ပေးခြင်း စသည့်ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို မူလတန်းကြိုကလေးများမှ စတင်၍ ကျောင်းသား/ ကျောင်းသူ ၁၂၅၀ ဦးကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)