သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ ဇူလိုင် ၂၄

မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေရေးရာသိမှတ်ဖွယ်ရာများနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဆွေးနွေးဟောပြောခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ဇူလိုင်လ ၂၂ ရက်နေ့နံနက်က အဆိုပါ‌ကျောင်းရှိ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာ‌ပေးဟောပြောပွဲတွင် သထုံမြို့နယ်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူး မျိုးအေးက မှုခင်းပိုင်းဆိုင်ရာဥပဒေရေးရာများ၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်စောထင်လင်းက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ ဆိုးကျိုးများနှင့် စွဲလမ်းစေရသည့်အကြောင်းရင်းများ၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်ထိန်းချုပ်ရေးဆောင်ရွက်နေသည့်လုပ်ငန်းများ ဒုတိယမြို့နယ်ဥပဒေအရာရှိဦးခွန်သိန်းစစ်အောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းရောင်းဝယ်ခြင်းတို့ နှင့်ပတ်သက်သည့်ပြစ်မှုပြစ်ဒဏ်များတို့ကို အသိပညာပေးဆွေးနွေးဟောပြောကြရာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်လှရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သထုံမြို့နယ်ဥပ‌ဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုတို့မှတာဝန်ရှိသူများ၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)